Character Sheets

ကျွန်တော် anime/manga character ကိုယ်တိုင် စလုပ်တော့ ပုံဆွဲထားတဲ့ style ကတော့ anime style ပဲ ဒါပေမဲ့ ပုံက ကြည့်ရတာ တစ်မျိုးဖြစ်နေတယ်။ Anime တော့ anime ပဲ ဒါပေမဲ့ တူမနေဘူး anime နဲ့။ ကျွန်တော် ပြန် analyze လုပ်ကြည့်တော့

  1. Anime က ညာပြီးဆွဲပါတယ်၊ အပြင်လောကမှာ မမြင်ရပေမဲ့ မြင်ရရင် ပိုကောင်းတဲ့အရာတွေကို ထည့်ဆွဲတယ်၊ နည်းနည်းပဲ မြင်ရပေမဲ့ ပိုမြင်ရရင် ပုံ/မျက်နှာ ရဲ့ balance ပိုကောင်းမယ်ဆိုရင်လဲ ပိုမြင်ရအောင်ဆွဲပါတယ်။ ဒီက 3D character နဲ့ တိုက်ကြည့်လို့ရပါတယ်။
  2. Structure ကိုဆွဲတာထက် အရိပ် (shadow, ambient occlusion) ကို ပိုဦးစားပေးဆွဲပါတယ်။ Structure လိုင်းထက် အရိပ် ရှိတဲ့နေရာကို လိုင်းထည့်ပါတယ်။ ဒါကြောင့် အလင်းပြန်တဲ့နေရာ/နုညံ့တယ်လို့ ခံစားစေချင်တဲ့နေရာ လေးတွေမှာ လိုင်းပြတ်လေးတွေ ထည့်တတ်တယ်။ ဥပမာ - နှုပ်ခမ်းရဲ့ အလင်းပြန်တဲ့နေတာမျိုးမှာ လိုင်းပြတ်လေးတွေ ထည့်လေ့ရှိတယ်၊ အရိပ်ကျတဲ့ ပါးစပ်ရဲ့ ထောင့်တွေမှာဆို လိုင်းက ပိုထူတယ်။
  3. Joint တွေမှာ exagerrate လုပ်တယ်၊ camera နဲ့ ဝေးရင် ပိုလုပ်တယ်။
  4. Proportion နဲ့ posture (အောက်မှာ ကျွန်တော် ဆွဲတတ်သလောက် ဆွဲပြထားပါတယ်။ အသက် က 25-30 အရွယ်လောက်ပါ။ ဒီထက်ငယ်ရင် ပခုံးပိုကျဥ်း၊ လက်နဲ့ ခြေ‌ထောက်ပိုသွယ် ပြီးဆွဲတတ်ပါတယ်။ ဒါက အကြမ်းအားဖြင့် ဖြစ်တတ်ပုံကိုတတ်နိုင်သမျှ stylization ပါးပါးနဲ့ လုပ်ထားတာဖြစ်ပါတယ်။ Style က အမျိုးမျိုးရှိတဲ့အတွက် အောက်ကပုံတွေကို အသေလို့ သတ်မှတ်လို့ မရပါဘူး။)

မှတ်ချက် - အောက်ပါပုံများသည် beginner friendly ဖြစ်ဖို့အတွက် perspective တတ်နိုင်သမျှ နည်းအောင်လုပ်ထားပြီး character sheet အစစ်လို pose မလုပ်ထားပါ။