Eight-frame Walk Cycle
ဒီ walk cycle ကတော့ fast pace walk cycle လေးပါ။
ဒီ walk cycle ကို pose ၄ ခုနဲ့ ဖွဲစည်းထားပါတယ်။ Contact၊ down၊ passing နဲ့ up ဖြစ်ပါတယ်။ (မှတ်ချက် - Anime တွေမှာ 8-frame ဆိုရင် down နဲ up pose မပါတတ်ပါဘူး။ 10-frame မှထည့်တတ်ပါတယ်။ ကျွန်တော်က down နဲ့ up pose ပါတာကြိုက်လို့ ထည့်တာဖြစ်ပါတယ်။)
Contact နဲ့ passing ကို အရင် ဆွဲပါ။ Motion အဆင်ပြေလားစစ်ပါ။ အဆင်ပြေရင် down နဲ့ up ကို ကြားမှာ ထည့်ကြည့်ပါ။ On model ဖြစ်ဖို့ ထက် down နဲ့ up က motion အဆင်ပြေဖို့ ပိုအရေးကြီးပါတယ်။
Animation အခြေခံတွေ သင်ချင်ရင်တော့ ဒီ page (ကျွန်တော့် ဆရာ) ကို ဆက်သွယ်ပါ။